Tuesday, October 13, 2015

* လူအိုအနာကြီးရောဂါဂေဟာ (မေတ္တာပရဟိတဂေဟာ)*


တည်နေရာ ။ ။ မရမ်းချောင်းကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဥက္ကဋ္ဌ ဦးလှဌေး
ဖုန်း - 09 860 3151

အဆိုပါ မေတ္တာပရဟိတဂေဟာ သည် ရန်ကုန်မှ လှည်းကူးမြို့သို့ ထွက်ခွာလာပြီး လှည်းကူးမြို့အထွက် လမ်းဆုံတွင် ဘယ်ဘက်သို့ ချိုးပြီး ဖောင်ကြီးသင်တန်းကျောင်းလမ်းအတိုင်း သွားရပြီး နာရီဝက်ခန့်အကြာ တွင် မရမ်းချောင်းကျေးရွာသို့ ရောက်ရှိမည် ဖြစ်ပါသည်။
ဂေဟာတွင် အနာကြီးရောဂါသည် အဘိုးအဘွား(၁၃၁)ဦး ရှိပါသည်။ အသက်အားဖြင့် ၅၀ ကျော်မှ ၈၀ ကျော် အရွယ်ဖြစ်နေပြီး ယခင်က အနာကြီးရောဂါများကြောင့် ခြေလက်အင်္ဂါများ ပြည့်စုံမှုမရှိတော့သည့် အလွန် သနားစရာကောင်းသည့် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများ ဖြစ်ကြပါသည်။
ယခုအခါ အဆိုပါ အနာကြီးရောဂါများမှာ သက်သာပျောက်ကင်း သွားပြီဖြစ်ပါသည်။ အခြားလူများကို ကူးစက်နိုင်ခြင်း မရှိတော့ပါ။
လူ့ဘ၀၏ နောက်ဆုံးအရွယ် ရောက်နေကြပြီဖြစ်သော ခိုကိုးရာမဲ့ အဘိုးအဘွားများ၏ နေ့စဉ် စားသောက် စရိတ်များ အခက်အခဲ ရှိနေသည်ဟု ဥက္ကဋ္ဌဖြစ်သူ ဦးလှဌေးက ပြောပြပါသည်။ အလှူအတန်းရှိသည့် နေ့များတွင်သာ အဆင်ပြေစွာ စားသောက်ခဲ့ရပြီး အလှူရှင်များ မရှိသော နေ့များတွင် အဆင်ပြေသလို ချက်ပြုတ် ကျွေးမွေး နေရကြောင်းလည်း သိရှိရပါသည်။
တစ်ချို့အလှူရှင်များမှာလည်း အဆိုပါကျောင်းနေရာကို သိရှိခြင်း မရှိသည့်အတွက် အလှူရှင် လာရောက်မှု နည်းပါးခြင်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါနေရာသို့ ဆက်သွယ်စုံစမ်းလှူဒါန်း လိုပါက
ဥက္ကဋ္ဌ ဦးလှဌေး
ဖုန်း - 09 860 3151

သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။ ( Old Post )
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023

ဓာတ်ပုံ .... Mee Chi 



0 comments:

Post a Comment