တည်နေရာ။ ။ ဒက္ခိဏသီရိမြို့၊ နေပြည်တော်။
သီလရှင်ဆရာကြီး တေဇ၀တီ
ဖုန်း - 09 830 2648 // 09 498 088 59
အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား သီလရှင် အပါး(၈၀)ရှိပါသည်။ အဆိုပါ ကလေးငယ်များမှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်မှ တိုင်းရင်းသူကလေးများ ဖြစ်ကြပါသည်။
အာဟာရဒါန ကျွေးမွေးမှုအနေဖြင့် အာရုံဆွမ်းအတွက် ကျပ် ၈ သောင်းနှင့် နေ့လည်စာအတွက် ကျပ် ၁ သိန်း ၅ သောင်းခန့် ကုန်ကျကြောင်း သီလရှင်ဆရာကြီးမှ မိန့်ကြားခဲ့ပါသည်။
ပညာသင်ကြားပေးမှုအနေဖြင့် သူငယ်တန်းမှ ၈ တန်းအထိ အတန်းပညာများကို ဆရာ၊ ဆရာမ ၁၅ ဦးဖြင့် အနီးအနားရှိ ကလေးငယ်များ အပါအ၀င် ကျောင်းသား၊ ကျောင်းသူ (၄၇၀) ကျော်ကို နေ့စဉ် အတန်းပညာများ အခမဲ့ သင်ကြားပြသပေးလျက်ရှိပါသည်။
ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရမှ လစဉ်ပညာသင်ထောက်ပံ့ငွေများ ပေးသော်လည်း ထပ်မံ ဖြည့်စွက်၍ တစ်ဦးလျှင် ၈ သောင်းစီ ရရှိအောင် ကျောင်းအစီအစဉ်ဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျောင်း၏ လိုအပ်ချက်မှာ နေ့စဉ်စားသောက်ကုန်ကျမှုစရိတ်၊ သီလရှင်ဝတ်စုံ၊ ဆရာ၊ ဆရာမများအတွက် လစဉ် ထောက်ပံ့ ငွေများနှင့် စာရေးကိရိယာ အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက
သီလရှင်ဆရာကြီး တေဇ၀တီ
ဖုန်း - 09 830 2648 // 09 498 088 59
သို့လည်း တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ - Viber
0 comments:
Post a Comment