အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

တည်နေရာ။ ။ မှော်နီကုန်းကျေးရွာ၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ ဆရာတော် ဦးစန္ဒိမာ ဖုန်း - 09 256 255 415 // 09 797 502 231 အဆိုပါကျောင်းသည် မန္တလေးတောင် မြောက်ဘက်တွင်ရှိသော မတ္တရာမြို့- ရေနံ့သာသွား ကားလမ်းမပေါ် (၁၂ မိုင်ခန့်ဝေးကွာ) ဝေးကွာသော မှော်နီကုန်းကျေးရွာတွင် တည်ရှိပါသည်။

အောင်ချမ်းသာ ပရဟိတ သီလရှင်သင် ပညာရေးကျောင်း

တည်နေရာ။ ။ ဒက္ခိဏသီရိမြို့၊ နေပြည်တော်။ သီလရှင်ဆရာကြီး တေဇ၀တီ ဖုန်း - 09 830 2648 // 09 498 088 59 အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား သီလရှင် အပါး(၈၀)ရှိပါသည်။ အဆိုပါ ကလေးငယ်များမှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်မှ တိုင်းရင်းသူကလေးများ ဖြစ်ကြပါသည်။ အာဟာရဒါန ကျွေးမွေးမှုအနေဖြင့် အာရုံဆွမ်းအတွက် ကျပ် ၈ သောင်းနှင့် နေ့လည်စာအတွက် ကျပ် ၁ သိန်း ၅ သောင်းခန့် ကုန်ကျကြောင်း သီလရှင်ဆရာကြီးမှ မိန့်ကြားခဲ့ပါသည်။

လူအိုအနာကြီးရောဂါဂေဟာ (မေတ္တာပရဟိတဂေဟာ)

တည်နေရာ ။ ။ မရမ်းချောင်းကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဥက္ကဋ္ဌ ဦးလှဌေး ဖုန်း - 09 860 3151 အဆိုပါ မေတ္တာပရဟိတဂေဟာ သည် ရန်ကုန်မှ လှည်းကူးမြို့သို့ ထွက်ခွာလာပြီး လှည်းကူးမြို့အထွက် လမ်းဆုံတွင် ဘယ်ဘက်သို့ ချိုးပြီး ဖောင်ကြီးသင်တန်းကျောင်းလမ်းအတိုင်း သွားရပြီး နာရီဝက်ခန့်အကြာ တွင် မရမ်းချောင်းကျေးရွာသို့ ရောက်ရှိမည် ဖြစ်ပါသည်။ ဂေဟာတွင် အနာကြီးရောဂါသည် အဘိုးအဘွား(၁၃၁)ဦး ရှိပါသည်။ အသက်အားဖြင့် ၅၀ ကျော်မှ ၈၀ ကျော် အရွယ်ဖြစ်နေပြီး ယခင်က အနာကြီးရောဂါများကြောင့် ခြေလက်အင်္ဂါများ ပြည့်စုံမှုမရှိတော့သည့် အလွန် သနားစရာကောင်းသည့် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများ ဖြစ်ကြပါသည်။

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 13, 2015

* လူအိုအနာကြီးရောဂါဂေဟာ (မေတ္တာပရဟိတဂေဟာ)*


တည်နေရာ ။ ။ မရမ်းချောင်းကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဥက္ကဋ္ဌ ဦးလှဌေး
ဖုန်း - 09 860 3151

အဆိုပါ မေတ္တာပရဟိတဂေဟာ သည် ရန်ကုန်မှ လှည်းကူးမြို့သို့ ထွက်ခွာလာပြီး လှည်းကူးမြို့အထွက် လမ်းဆုံတွင် ဘယ်ဘက်သို့ ချိုးပြီး ဖောင်ကြီးသင်တန်းကျောင်းလမ်းအတိုင်း သွားရပြီး နာရီဝက်ခန့်အကြာ တွင် မရမ်းချောင်းကျေးရွာသို့ ရောက်ရှိမည် ဖြစ်ပါသည်။
ဂေဟာတွင် အနာကြီးရောဂါသည် အဘိုးအဘွား(၁၃၁)ဦး ရှိပါသည်။ အသက်အားဖြင့် ၅၀ ကျော်မှ ၈၀ ကျော် အရွယ်ဖြစ်နေပြီး ယခင်က အနာကြီးရောဂါများကြောင့် ခြေလက်အင်္ဂါများ ပြည့်စုံမှုမရှိတော့သည့် အလွန် သနားစရာကောင်းသည့် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများ ဖြစ်ကြပါသည်။
ယခုအခါ အဆိုပါ အနာကြီးရောဂါများမှာ သက်သာပျောက်ကင်း သွားပြီဖြစ်ပါသည်။ အခြားလူများကို ကူးစက်နိုင်ခြင်း မရှိတော့ပါ။
လူ့ဘ၀၏ နောက်ဆုံးအရွယ် ရောက်နေကြပြီဖြစ်သော ခိုကိုးရာမဲ့ အဘိုးအဘွားများ၏ နေ့စဉ် စားသောက် စရိတ်များ အခက်အခဲ ရှိနေသည်ဟု ဥက္ကဋ္ဌဖြစ်သူ ဦးလှဌေးက ပြောပြပါသည်။ အလှူအတန်းရှိသည့် နေ့များတွင်သာ အဆင်ပြေစွာ စားသောက်ခဲ့ရပြီး အလှူရှင်များ မရှိသော နေ့များတွင် အဆင်ပြေသလို ချက်ပြုတ် ကျွေးမွေး နေရကြောင်းလည်း သိရှိရပါသည်။
တစ်ချို့အလှူရှင်များမှာလည်း အဆိုပါကျောင်းနေရာကို သိရှိခြင်း မရှိသည့်အတွက် အလှူရှင် လာရောက်မှု နည်းပါးခြင်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါနေရာသို့ ဆက်သွယ်စုံစမ်းလှူဒါန်း လိုပါက
ဥက္ကဋ္ဌ ဦးလှဌေး
ဖုန်း - 09 860 3151

သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။ ( Old Post )
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023

ဓာတ်ပုံ .... Mee Chi 



@ အောင်ချမ်းသာ ပရဟိတ သီလရှင်သင် ပညာရေးကျောင်း @


တည်နေရာ။ ။ ဒက္ခိဏသီရိမြို့၊ နေပြည်တော်။
သီလရှင်ဆရာကြီး တေဇ၀တီ
ဖုန်း - 09 830 2648 // 09 498 088 59

အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား သီလရှင် အပါး(၈၀)ရှိပါသည်။ အဆိုပါ ကလေးငယ်များမှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်မှ တိုင်းရင်းသူကလေးများ ဖြစ်ကြပါသည်။
အာဟာရဒါန ကျွေးမွေးမှုအနေဖြင့် အာရုံဆွမ်းအတွက် ကျပ် ၈ သောင်းနှင့် နေ့လည်စာအတွက် ကျပ် ၁ သိန်း ၅ သောင်းခန့် ကုန်ကျကြောင်း သီလရှင်ဆရာကြီးမှ မိန့်ကြားခဲ့ပါသည်။
ပညာသင်ကြားပေးမှုအနေဖြင့် သူငယ်တန်းမှ ၈ တန်းအထိ အတန်းပညာများကို ဆရာ၊ ဆရာမ ၁၅ ဦးဖြင့် အနီးအနားရှိ ကလေးငယ်များ အပါအ၀င် ကျောင်းသား၊ ကျောင်းသူ (၄၇၀) ကျော်ကို နေ့စဉ် အတန်းပညာများ အခမဲ့ သင်ကြားပြသပေးလျက်ရှိပါသည်။
ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရမှ လစဉ်ပညာသင်ထောက်ပံ့ငွေများ ပေးသော်လည်း ထပ်မံ ဖြည့်စွက်၍ တစ်ဦးလျှင် ၈ သောင်းစီ ရရှိအောင် ကျောင်းအစီအစဉ်ဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျောင်း၏ လိုအပ်ချက်မှာ နေ့စဉ်စားသောက်ကုန်ကျမှုစရိတ်၊ သီလရှင်ဝတ်စုံ၊ ဆရာ၊ ဆရာမများအတွက် လစဉ် ထောက်ပံ့ ငွေများနှင့် စာရေးကိရိယာ အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက
သီလရှင်ဆရာကြီး တေဇ၀တီ
ဖုန်း - 09 830 2648 // 09 498 088 59

သို့လည်း တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023

ဓာတ်ပုံ - Viber




@ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း @


တည်နေရာ။ ။ မှော်နီကုန်းကျေးရွာ၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
ဆရာတော် ဦးစန္ဒိမာ
ဖုန်း - 09 256 255 415 // 09 797 502 231
အဆိုပါကျောင်းသည် မန္တလေးတောင် မြောက်ဘက်တွင်ရှိသော မတ္တရာမြို့- ရေနံ့သာသွား ကားလမ်းမပေါ် (၁၂ မိုင်ခန့်ဝေးကွာ) ဝေးကွာသော မှော်နီကုန်းကျေးရွာတွင် တည်ရှိပါသည်။
လူသူအရောက်အပေါက် နည်းပါးခြင်းကြောင့် အဆိုပါကျောင်းကို လူသိနည်းပါးရခြင်း ဖြစ်ပါသည်။
ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ကိုရင်ဝတ်ကလေးငယ် (၁၂)ဦးနှင့် လူဝတ်ကလေး(၃)ဦး ရှိပြီး အနီးအနားရှိ ဆင်းရဲချို့တဲ့ကလေးငယ်(၆၀)ဦးကို အခမဲ့ပညာများ သင်ကြားပို့ချပေးလျက်ရှိပါသည်။
ပညာသင်ကြားမှုအနေဖြင့် သူငယ်တန်းမှ ၄ တန်းအထိ အတန်းပညာများကို ဆရာ၊ ဆရာမ ၃ ဦးဖြင့် သင်ကြား ပို့ချပေးလျက်ရှိပါသည်။ ဆရာ၊ ဆရာမ(၃)ဦး၏ လစဉ်ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ် ၅ သောင်း၊ တစ်လလျှင် ကျပ် ၁ သိန်း ၅ သောင်းကို ဆရာတော်မှ ထောက်ပံ့ပေးလျက်ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် ကျောင်းအစီအစဉ်ဖြင့် ချက်ပြုတ်ကျွေးမွေးနေပြီး ထမင်းချိုင့် မပါရှိသော အနီးအနားမှ ကလေးငယ်များကိုပါ ကျွေးမွေးပေးထားကြောင်း ဆရာတော်မှ မိန်ကြားခဲ့ပါသည်။ အလှူရှင်များ ရှိပါက အားလုံးကို ကျွေးမွေးပေးပြီး နေ့လည်စာအတွက် ကျပ် ၁ သိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။
လက်ရှိ စာသင်ဆောင်မှာ ထန်းရွက်မိုး၊ ထရံကာ များဖြင့်သာ ပညာသင်ကြားနေရသဖြင့် စာသင်ဆောင် ဆောက်လုပ် ရန် လိုအပ်လျက်ရှိနေပါသည်။ ၂ ထပ် စာသင်ဆောင် တစ်လုံး ဆောက်လုပ်ရန် ဆရာတော်မှ လျာထားကြောင်း မိန့်ကြားခဲ့ပါသည်။
ထို့ပြင် စာသင်ခုံများနှင့် စာရေးကိရိယာများလည်း လိုအပ်လျက်ရှိနေပြီး ကလေးငယ်များအတွက် ရေအိမ်သာများလည်း လိုအပ်လျက်ရှိကြောင်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက
ဆရာတော် ဦးစန္ဒိမာ
ဖုန်း - 09 256 255 415 // 09 797 502 231
သို့လည်း တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ -- မောင် လူပျော်